-
2 Corinthians 4
- 1 ဘုရားသခင်၏ကရုဏာတော်အားဖြင့် ဤအမှုတော်ကို ထမ်းဆောင်ကြရသောကြောင့် ငါတို့သည် စိတ်ပျက်အားငယ်ခြင်း မရှိကြချေ။-
- 2 ငါတို့သည် ရှက်ဖွယ်ကောင်းသောလျှို့ဝှက်ချက်တို့ကို ပစ်ပယ်ထား ကြ၏။ ငါတို့သည် ကောက်ကျစ်စဉ်းလဲစွာပြုမူခြင်းမရှိ ကြ သကဲ့သို့ ဘုရားသခင်၏နှုတ်တော်ထွက်တရားတော်နှင့် ပတ်သက်၍လည်း မမှန်မကန်မသွန်သင်ကြ။ ငါတို့သည် သမ္မာတရား တော်ကို အတိအလင်းပြသခြင်းဖြင့် ဘုရား သခင်၏မျက်မှောက်တော်တွင် ငါတို့ကိုယ်ကို လူတိုင်း ၏အသိစိတ်၌ ချီးကျူးခံထိုက် သူများအဖြစ် မြင်စေရန် ပြုမူကြ၏။-
- 3 အကယ်၍ ငါတို့ဟောပြောလျက်ရှိသော ဧဝံဂေလိသတင်းကောင်းသည် ဖုံးကွယ်လျက်ရှိလျှင် ယင်းသည် ပျက်စီးဆုံးရှုံး နေသောသူများအတွက်သာ ဖုံးကွယ်နေခြင်းဖြစ်၏။-
- 4 ထိုသူတို့နှင့်စပ်လျဉ်း၍ပြောရလျှင် ဤကမ္ဘာလောက၏နတ်ဘုရားသည် မယုံကြည်သူတို့အား ဘုရားသခင်၏ ပုံသဏ္ဌာန် တော်တည်းဟူသော ခရစ်တော်၏ဘုန်းဂုဏ်တော်အကြောင်းကိုဖွင့်ဆိုထားသည့် ဧဝံဂေလိသတင်းကောင်း၏ အလင်းတော်ကို မြင်ကြရစေရန် သူတို့၏စိတ်ကို အမှောင်ချထား၏။-
- 5 အကြောင်းမူကား ငါတို့သည် မိမိတို့၏အကြောင်းကို ဟောပြောကြ ခြင်းမဟုတ်ဘဲ ခရစ်တော်ယေဇူးမှာ အရှင်သခင်ဖြစ်တော် မူကြောင်းကို ဟောပြောကြခြင်းဖြစ်၏။ ဟောပြောရာတွင်လည်း ငါတို့သည် ခရစ်တော်အတွက် သင်တို့၏ အစေခံများ အနေဖြင့် ဟောပြောကြခြင်းဖြစ်၏။-
- 6 အဘယ်ကြောင့်ဆိုသော် ခရစ်တော်၏မျက်နှာတော်တွင် ထွန်းတောက်လျက်ရှိသော ဘုရားသခင်၏ဘုန်းဂုဏ်တော် အကြောင်းကို သိနားလည်နိုင်ရန် ငါတို့၏စိတ်နှလုံးထဲ၌ အလင်းကိုထွန်းလင်းစေတော်မူသောအရှင်မှာ ဘုရား သခင်ဖြစ်တော်မူ ၏။ ကိုယ်တော်သည် အမှောင်ထဲမှ အလင်းရောင်ပေါ်ထွက်စေဟု မိန့်တော်မူခဲ့သောအရှင် ဖြစ်၏။
- 7 သို့သော် ထူးကဲသောဘုန်းတန်ခိုးတော်ကို ငါတို့ မပိုင်ဘဲ ဘုရားသခင်ပိုင်တော်မူကြောင်း ပြသရန် ငါတို့ သည် ဤဘဏ္ဍာကို မြေအိုးများတွင် ထိန်းသိမ်းခဲ့ကြ၏။-
- 8 ငါတို့သည် ဆင်းရဲဒုက္ခအမျိုးမျိုးခံကြရသော်လည်း ချေမှုန်းခြင်းမခံကြရချေ။ ယုံမှားသံသယဖြစ်ကြသော်လည်း မည်သည့်အခါမျှ စိတ်မပျက်ကြပေ။-
- 9 ငါတို့သည် ညှဉ်းပန်း နှိပ်စက်ခံကြရသော်လည်း မည်သည့်အခါမျှစွန့်ပစ်ခြင်း မခံကြရပေ။ လဲကျသည်အထိ တိုက်ခိုက်ခြင်းခံကြရသော်လည်း မည်သည့်အခါမျှဖျက်ဆီးသုတ်သင်ခြင်းမခံ ကြရပေ။-
- 10 ငါတို့သည် ယေဇူး၏သေခြင်းကို ငါတို့၏ခန္ဓာကိုယ်၌ အမြဲမပြတ်ဆောင်ထားခြင်းအားဖြင့် ကိုယ်တော် အသက်ရှင်တော် မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေကြ၏။-
- 11 အကြောင်းမူကား ငါတို့၏သေနိုင်သောခန္ဓာ ကိုယ်တွင် ယေဇူးသခင်၏ အသက်ရှင်ခြင်းထင်ရှားရန် ငါတို့သည် အသက်ရှင် သမျှကာလပတ်လုံး ယေဇူးသခင်အတွက် သေဘေးနှင့် အစဉ်မပြတ်ကြုံတွေ့နေကြရ၏။-
- 12 သို့ဖြစ်၍ ငါတို့၌ သေခြင်းတရားဖြစ်ပေါ်လျက်ရှိပြီး သင် တို့၌မူကား အသက်ဖြစ်ပေါ်လာရ၏။
- 13 ငါသည် ယုံကြည်သောကြောင့် ဟောပြောသည်ဟူ၍ ကျမ်းစာတော်မြတ်တွင် ရေးသားခဲ့သောသူ၌ ရှိခဲ့သည့်ယုံကြည် ခြင်းမျိုး ငါတို့တွင်ရှိသဖြင့် ငါတို့သည်လည်း ယုံကြည်၍ဟောပြောကြ၏။-
- 14 ယေဇူးသခင်အား သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူသောအရှင်သည် ငါတို့ကိုလည်း ယေဇူးသခင်နှင့်အတူ ရှင်ပြန်ထမြောက်စေပြီးလျှင် ငါတို့အား သင်တို့နှင့်အတူ မိမိ၏မျက်မှောက် သို့ခေါ်ဆောင်တော်မူမည်ဖြစ်ကြောင်း ငါတို့သိကြ ၏။-
- 15 အကြောင်းမူကား ဤအမှုအရာအားလုံးသည် သင်တို့ အတွက်ဖြစ်ကြ၏။ ဤသို့ဖြင့် ကျေးဇူးတော်ခံစားရသူ အရေအတွက် ပိုမိုများပြားလာသည်နှင့်အမျှ ကိုယ်တော် ၏ဘုန်းတော်ဂုဏ်တော်အား ကျေးဇူးတင်ချီးမွမ်းခြင်းမှာ လည်း ပိုမိုများပြားလာ လိမ့်မည်ဖြစ်၏။
- 16 ထို့ကြောင့် ငါတို့သည် မည်သည့်အခါမျှ စိတ်ပျက် အားလျော့ခြင်းမရှိကြ။ ငါတို့၏ပြင်ပလူ့ခန္ဓာကိုယ်သည် တဖြည်းဖြည်းယိုယွင်း ပျက်စီးလျက်ရှိသော်လည်း ငါတို့၏အတွင်းစိတ်သန္တာန်မူကား နေ့စဉ်နှင့်အမျှ ဆန်းသစ် လျက်ရှိ၏။-
- 17 ငါတို့ခေတ္တခဏခံရသော ဆင်းရဲဒုက္ခအနည်း ငယ်သည် နှိုင်းယှဉ်၍မရအောင် ကြီးမြတ်သည့် ထာ၀ရ ဘုန်းကျက်သရေကို ငါတို့အတွက် ပြင်ဆင်ပေးနေခြင်းဖြစ်၏။-
- 18 အကြောင်းမူကား ငါတို့သည် မြင်နိုင်သောအရာ များကိုအာရုံမစိုက်ကြဘဲ မမြင်နိုင်သောအရာများကိုသာ အာရုံစိုက်ကြ၏။ အဘယ်ကြောင့်ဆိုသော် မြင်နိုင်သော အရာများသည် ခေတ္တခဏမျှသာတည်၍ မမြင်နိုင်သော အရာများမူကား အစဉ်ထာ၀ရ တည်သောကြောင့်တည်း။
-
World English Bible (web)
- Afrikaans
- Albanian
- Arabic
- Armenian
- Basque
- Breton
- Calo
- Chamorro
- Cherokee
- Chinese
- Coptic
- Croatian
- Czech
- Danish
- Dari
- Dutch
-
English
American King James Version (akjv) American Standard Version (asv) Basic English Bible (basicenglish) Douay Rheims (douayrheims) John Wycliffe Bible (c.1395) (wycliffe) King James Version (kjv) King James Version (1769) with Strongs Numbers and Morphology and CatchWords, including Apocrypha (without glosses) (kjva) Webster's Bible (wb) Weymouth NT (weymouth) William Tyndale Bible (1525/1530) (tyndale) World English Bible (web) Young's Literal Translation (ylt)
- English and Klingon.
- Esperanto
- Estonian
- Finnish
- French
- German
- Gothic
- Greek
- Greek Modern
- Hebrew
- Hungarian
- Italian
- Japanese
- Korean
- Latin
- Latvian
- Lithuanian
- Malagasy
- Malayalam
- Manx Gaelic
- Maori
- Mongolian
- Myanmar Burmse
- Ndebele
- Norwegian bokmal
- Norwegian nynorsk
- Pohnpeian
- Polish
- Portuguese
- Potawatomi
- Romanian
- Russian
- Scottish Gaelic
- Serbian
- Shona
- Slavonic Elizabeth
- Spanish
- Swahili
- Swedish
- Syriac
- Tagalog
- Tausug
- Thai
- Tok Pisin
- Turkish
- Ukrainian
- Uma
- Vietnamese
-
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။ (burcbcm - 1.2.1)
2019-10-23Myanmar Burmse (my)
ဤဘာသာပြန်ကျမ်းကိုကက်သလစ်ဆရာတော်များရုံးချုပ်ရှိ သမမ္မာ ကျမ်းစာတမန်တော်လုပ်ငန်းကော်မစ်ရှင်မှပံ့ပိုးပေးပါသည်။
- Encoding: UTF-8
- Direction: LTR
- LCSH: Bible.Burmese
- Distribution Abbreviation: ကက်သလစ်သမ္မာကျမ်းစာ CBCM
License
Copyrighted; Permission to distribute granted to CrossWire
Source (OSIS)
https://git.crosswire.org/cyrille/myanmar
- history_1.0
- (2019-10-22) Initial release
- history_1.1
- (2019-10-23) Config: Added Scope=Ps,Pr, Matt-Rev
- history_1.2
- (2019-10-23) Fix conf file
- history_1.2.1
- (2022-07-31) conf file: fix typos

Favourite Verse
You should select one of your favourite verses.
This verse in combination with your session key will be used to authenticate you in the future.
This is currently the active session key.
Should you have another session key from a previous session.
You can add it here to load your previous session.